မအူပင် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက် တိုးရွှေဝါခန်းမတွင် ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်မှစ၍ ၂၀၂၁ ခုနစ် ပါဠိပထမပြန်စာမေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
ပါဠိပထမပြန်စာမေးပွဲတွင် ရဟန်းသံဃာ၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့ ဝင်ရောက်ဖြေဆိုကြပြီး ပထမနေ့တွင် ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီ ဘိက္ခုပါတိမောက် ဘာသာ/ဓမ္မပဒ၊ ဒွေမာတိကာဘာသာ/ဓမ္မပဒဘာသာရပ်များဖြေဆိုကြရာ ပထမကြီးတန်းတွင် (၃၇)ပါး၊ ပထမလတ်တန်းတွင်(၂၅)ပါး၊ ပထမငယ်တန်းတွင်(၃၈)ပါး၊ အခြေပြု မူလတန်းတွင်(၄၁)ပါး စုစုပေါင်း(၁၄၁)ပါး ဖြေဆိုကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဥပတ္ထမ္ဘက အဖွဲ့နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းဖြင့် စစ်ဆေးလျက်ရှိသည်။ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၇)ရက်နေ့မှ ဇွန်လ (၁၃)ရက်နေ့အထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)