တွံတေး ဇွန် ၈
ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်မှ (၁၈)နှစ်ပြည့်ပြီး သူတို့၏ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် ပိတ်ရက်မရှိ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိပြီး အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မေလဆန်းမှ စတင်ကာ ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို ဆောင်ရွက်ရာတွင် အသက်(၁၆ နှစ်မှ ၁၈ နှစ်ထိ) နှင့် (၁၈ နှစ်မှ အထက်) ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တွံတေးမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရမည်သူဦးရေ (၁၇၆၉၇)ဦး ရှိပြီး အသက်(၁၆)နှစ်နှင့် (၁၈)ကြားလူဦးရေမှာ (၅၁၃၀)ဦးအား ပန်းခင်းလမ်းစီမံချက်ဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ပန်းခင်းစီမံချက်တွင် လက်ရှိဇာတိ ဒေသတွင် အမြဲနေထိုင်ကာ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အိမ်ထောင်စု စာရင်းမရှိသူများ၊ ရွေ့ပြောင်း နေထိုင်သူများအတွက် မူလဇာတိတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ မူလဒေသအိမ်ထောင်စု လူဦးရေစာရင်း မရှိသူများကို ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလမှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ အဖွဲ့များခွဲကာ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)