လှည်းကူးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ

 

လှည်းကူး ဇွန်

ရန်ကုန်မြောက်ပိုင်းခရိုင် ၊လှည်းကူးမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီး ဌာနက ကြီးမှူးကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲကို လှည်းကူးမြို့ ကျက်သရေဆောင်မဟာတုလ ငါးထပ်ကြီး ဘုရား အာရုံခံတန်ဆောင်းတွင် ယနေ့မွန်းတည့်(၁၂)နာရီအချိန်မှ ညနေ()နာရီအထိနေ့စဉ်(..၂၀၂၁) ရက်နေ့ မှ(၁၃..၂၀၂၁)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် လှည်းကူးမြို့နယ်အတွင်းရှိ စာဖြေသံဃာ(၃၈၆)ပါး စာရင်း ပေးသွင်း ထားရှိပြီး ယနေ့ကြွရောက်ဖြေဆိုလျက်ရှိသည့် ရဟန်းသံမဏေမှာ အကြီးတန်း(၂၅)ပါး ၊အလတ်တန်း (၆၈)ပါး၊ အငယ်တန်း(၁၄၇)ပါး ကြွရောက်ဖြေဆိုကာ(၁၄၆)ပါး ကြွရောက်မဖြေဆို နိုင်ကြောင်းသိရသည်။

ဆက်လက်ပြီး ကြွရောက်တော်မူကြသည့် ကြီးကြပ်ဆရာတော်များ နှင့်စာဖြေသံဃာများအား ဆွမ်း ဝေယာဝစ္စ အဝဝ တို့ကို ဌာနဆိုင်ရာများ၊ အလှူရှင်ဒါယကာ ၊ဒါယိကာများမှနေ့စဉ်လှူဒါန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သင်းမြတ်သော်