လှိုင်အမက(၁၈)ကျောင်းအုတ်တံတိုင်းပြိုကျမှုဖြစ်ပွား

 

ရန်ကုန်   ဇွန်   

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်မြို့ နယ်၊အမှတ်(၁၂)ရပ်ကွက်၊အမှတ် (၁၈) အခြေခံပညာ မူလတန်းကျောင်း၊ မာလာရုံ လမ်းဘက်ခြမ်းရှိ အုတ်တံတိုင်းသည် ယမန်နေ့ ညနေ ၃နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှူကြောင့် ပြိုကျပျက်စီးခဲ့ပြီး လမ်းပိတ်ဆို့မှူများ ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ ပြိုကျသွားခဲ့သည့် အုတ်နံရံအား အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ ၊လူမှူကူညီရေးအဖွဲ့များနှင့် ရပ်ကွက် ပြည်သူများက ဝိုင်းဝန်းကူညီ ရှင်းလင်းပေးခဲ့ ကြောင်းသိရှိရသည်။

သန္တာမေ(ပြန်/ဆက်)