ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညောင်ဝိုင်းကျောင်းတိုက်ရှိ သီလရှင်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း 

ဂွ   ဇွန် ၈ 

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညောင်ဝိုင်းကျောင်းတိုက်ရှိ သီလရှင်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၉) နာရီတွင် အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် ရုံးဖွဲ့များသည် ရွာမရပ်ကွက်၊ ညောင်ဝိုင်းကျောင်းတိုက်ဓမ္မာရုံတွင် သီတင်းသုံးနေထိုင်သည့် သီလရှင်များအား ဆန်(၁)အိတ်၊ ဆီ(၁)ပုံး၊ သောက်ရေသန့်(၅) ကတ်၊ ဆပ်ပြာမှုန့်ထုပ်ကြီး (၅)ထုပ်နှင့် အလှူငွေကျပ် ငါးသောင်းတို့ကို စုပေါင်း၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

ရွှေရည်ဝင်း