ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာ(၈)ရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးစီး

 

ကွမ်းခြံကုန်း ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်တောင်ပိုင်းခရိုင်၊    ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာ (      )ရွာ၌ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ကျေးလက်ပြည်သူများ၏   လူမှုစီပွားရေးဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက်   တော်ကူးအနောက် ကျေးရွာအုပ်စု  ဘဲမိကျေးရွာ၊ ကြခတ်ကုန်းလေးကျေးရွာအုပ်စုဆိပ်ကမ်းသာကျေးရွာ၊ထီဖာကျေးရွာအုပ်စု ညောင်ဝိုင်း သံကြိုး ကျေးရွာ၊ မရမ်းကျေးရွာအုပ်စု အင်းကွတ်ကျေးရွာတို့တွင်ကွန်ကရစ်လမ်းခင်းခြင်း၊ ကျေး လက်ဒေသသန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် သောင်ခုန်ကျေးရွာနှင့် တော်ပြာကျေးအုပ်စုဘိုးသီ ကုန်းကျေးရွာများတွင်  ရေကန် ပြုပြင်ခြင်း၊  သဲကုန်းတန်းကျေးရွာအုပ်စု ရှမ်းကန်စု ကျေးရွာနှင့် တိုက်ကြီး ကျေးရွာအုပ်စု ထင်းပုံကျေးရွာများတွင်( Stab   Culvert)ပြုလုပ်ခြင်းများဆောင်ရွက်ပြီးကြောင်း မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ ကွမ်းခြံကုန်း မြို့နယ် လက်ထောက် ညွှန်ကြားရေးမှူး ဦးလှိုင်အေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)