သတင်းများ

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ(၄)ဦး ရောဂါပိုးတွေ့ရှိ
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ရင်းကျေးရွာရှိ Power Gem စက်ရုံ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တံတားဦးမြို့နယ် ပြန်/ဆက်ရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ
Jun 21,2021
ပြန်ကြားရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နေ့လည်(၁၂)နာရီ (၅၀)မိနစ်တွင် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည် ။
အိမ်မဲမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနေ
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ပေးနေကြောင်း သိရသည်။
ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း ကိုဗစ်-၁၉ကာလတွင်း ဈေးနှုန်းမြင့်ဆုံး ရောင်းချရ
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုရှိကျေးရွာများ မြေအောက်ရေသွင်း ပြောင်းဖူး စိုက်ပျိုးကြရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဈေးနှုန်းမြင့်ဆုံး ရောင်းချနေရကြောင့် သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးပွဲစား ဦးဝင်းတင့်ထံက သိရသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဒေသခံပြည်သူများ စာပေဝါသနာရှင်များ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ လယ်တွင်းသားစောချစ်၏" ပန်းလိုချင်အပင်ကို ပျိုးတတ်မှ " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပပြုလုပ်
Jun 21,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မောင်တောခရိုင်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင် စိုက်ပွဲတော်ကို ယနေ့ နံနက် ၉ နာရီအချိန်က မေယုဂေါက်ကွင်းအနီး မောင်တော-အငူမော် ကားလမ်းဘေး တွင် ကျင်းပပြုလုပ်ခဲ့ကြသည် ။
မိုးညှင်းမြို့တွင် ပညာရေးဌာန အစားထိုးဆရာ/ဆရာမများအတွက် စာမေးပွဲကျင်းပ
Jun 21,2021
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ဇွန်(၁၉)ရက် နံနက်(၉)နာရီခွဲက ပညာရေးဌာန၌ အစားထိုးခန့်ထားရန်အတွက် ဆရာ/ဆရာမများ စာမေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၅၂၁)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည်။
နတ်မောက်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ ပင်စင်စားများအား နေ့အလိုက် ထုတ်ပေး
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင် များကို ယနေ့ နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ ထုတ်ပေးလျက်ရှိသည်။