စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင် ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဒေသခံပြည်သူများ စာပေဝါသနာရှင်များ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူထုအခြေပြု ဗဟိုဌာန  (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ လယ်တွင်းသားစောချစ်၏"  ပန်းလိုချင်အပင်ကို ပျိုးတတ်မှ " စာအုပ်ဖြင့်  စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်၀င်း၀င်းသန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာရေးဆရာ လယ်တွင်းသားစောချစ်၏ ‘‘ပန်းလိုချင်အပင်ကို ပျိုးတတ်မှစာအုပ်ပါ "ဆန္ဒမွန်" အကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ ဦး၀င်းကြည်က ‘‘ပန်းလိုချင်အပင်ကိုပျိုးတတ်မှ ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်နိုင်ရပ်ကွက် အားမာန်သစ်စာကြည့်တိုက်မှူး ဦးသန်းဌေးမှ "ကလေးနှင့်ပညာရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊  စာရေးဆရာ ဦးအေးကို  (၀င်းမောင်မောင်ပန်းလောင်လွင်ပြင်)က "အလိုလိုက် အမိုက်စော်ကား" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာဦးတင်အေး (နရိန်အေးမြစ်ငယ်)က "ပန်းလိုနုနယ် ကလေးငယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ပြောကြားခဲ့ရာ တက်ရောက် လာသော စာပေဝါသနာရှင်များကလည်း အသီးသီး အပြန်အလှန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ညိုညို၀င်း(စဉ့်ကိုင် ပြန်/ဆက်)