သတင်းများ

ပွင့်ဖြူမြို့၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရန် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်
Jun 21,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ် တားဆီးနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင် သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့အဝင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာလိမြို့ ဌာနဆိုင်ရာရုံးများ၌ ပိုးလောက်လန်းနှိမ်နင်းရေးနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်း ဆောင်ရွက်
Jun 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် ပိုးလောက်လန်း(Laeva Control) ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို  ယနေ့ နံနက် ၁၀ နာရီ အချိန်က  ဌာန ဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ် အေးကျန့်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Jun 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအနက် အေးကျန့်ကျေးရွာအုပ်စု၊ အေးကျန့်ကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်အသင်းသား (၁၈)ဦးတို့အား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်တွေ့ဆုံခဲ့သည်။
လဟယ်မြို့တွင် ကိုဗစ်-၁၉ပိုးတွေ့ အရပ်မှပြန်လာသည့် ၀န်ထမ်းများအား Test kit ဖြင့် စစ်ဆေးခဲ့ရာ Negative အ‌ဖြေထွက်
Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နန်းယွန်မြို့မှ ပြန်လာသည့် ၀န်ထမ်းတစ်ဦးအား လဟယ်ပြည်သူ့ဆေးရုံ စောင့်ကြည့်ဆောင်တွင် ထားရှိပြီး ယနေ့ နံနက် (၁၀) နာရီအချိန် Test kit ဖြင့် နှာခေါင်းတုံ့ဖတ်ရယူစစ်ဆေးခဲ့ရာ Negative အဖြေထွက်ရှိကြောင်းသိရသည်။
တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ၊ စျေးရောင်းချသူများ အား အသိပညာပေးခြင်းဆောင်ရွက်
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လမ်းသွား လမ်းလာ များ၊ စည်ပင်သာယာမြို့မစျေးကြီး စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအသိပညာပေး အရှိန်အဟုန် မြှင့်တင်ရေး လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက ကျောက်တိုင်မီးပွိုင့် လမ်းဆုံ၊ စည်ပင်သာယာမြို့မစျေး၊ ဆေးရုံရှေ့ တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများ​ ဆောင်ရွက်ရန်အတွက် ​စေတနာ့ဝန်ထမ်း သင်တန်းဖွင့်လှစ်
Jun 21,2021
ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ​အလုံမြို့နယ်တွင်   ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများ ​ဆောင်ရွက်ရန်အတွက် ​ စေတနာ့ဝန်ထမ်း သင်တန်းကို ဇွန်လ ၂၁ ရက်​နေ့၊ နံနက်(၉း၀၀)အချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သွားလာသူ မရှိစေရေးဆောင်ရွက်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့အတွင်း ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံပွားမှု ကာကွယ်နိုင်ရန် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေးအတွက် အရှေ့လမ်းမတော်လမ်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သွားလာသူ မရှိစေရေး ဆောင်ရွက်မှု နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကန်ပိန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
သထုံမြို့နယ်တွင် ရေချိုငါးမွေးမြူရေးနှင့် အခြေခံငါး ဆေးထိုးသားဖောက်ခြင်းသင်တန်း ဖွင့်ပွဲကျင်းပ
Jun 21,2021
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ရေချို ငါးမွေးမြူရေးနှင့် အခြေခံငါး ဆေးထိုးသားဖောက်ခြင်းသင်တန်း(၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ကျင်းပသည်။