စဉ့်ကိုင် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ရင်းကျေးရွာရှိ Power Gem စက်ရုံ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်က ကြီးကြပ်၍ အဖွဲ့ခေါင်းဆောင် ဒေါက်တာသိမ့်အိသူ၊ ကျန်းမာရေးအဆင့်(၁) ဒေါ်ယဉ်နွယ်မြင့်နှင့် ကျန်းမာရေး ၀န်ထမ်းများ မြို့နယ် ပရဟိတအဖွဲ့၀င်များ ပူးပေါင်း၍ တောင်ရင်းကျေးရွာရှိ Power Gem စက်ရုံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပိုးတွေ့ရှိသူနှင့် ထိစပ်ခဲ့သူ(၃၁)ဦးကို Test Kit ဖြင့် စစ်ဆေးခဲ့ရာ(၄)ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း သိရပြီး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများအား စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ညိုညို၀င်း(စဉ့်ကိုင်)