သတင်းများ

သမုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ တော်ကို သမုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး စုစုပေါင်းပျိုးပင် (၁၃၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jun 21,2021
၂၀၂၁ ခုနှစ် ဇွန်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဂန့်ဂေါမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေ စေရန်အတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့အဝင် ရွှေဘုန်းရှိန်ဘုရားရှေ့လမ်းဆုံ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းအခု(၃၀၀) အား အခမဲ့ဖြန့်ဝေ
Jun 21,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့် လမ်းဆုံ၌ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း နှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ကျောက်ဆည်မြို့ အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ယနေ့ နံနက်(၉)နာရီက မြို့ရှောင်လမ်းဆုံ ကေသီဦး စက်သုံးဆီအရောင်းဆို်ငအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရွှေတောင်မြို့အဝင် တိုးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့အဝင် တိုးဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်နှင့် ပြည်ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းတို့သည် ယမန်နေ့ က သဲကုန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ရုံးဝန်ထမ်း များ၊ လူထုဗဟိုပြုစီမံကိန်း CF/ TF များအား တွေ့ဆုံပြီး ယခုကာလ လုပ်ငန်းအခက်အခဲများအပေါ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထီးလင်းမြို့၌ (COVID-19) ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး
Jun 21,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက် ၈ နာရီမှစ၍ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။