တံတားဦး ဇွန် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နေ့လည်(၁၂)နာရီ (၅၀)မိနစ်တွင် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည် ။
ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုတ တိုးတက်အောင် ကြိုးပမ်းကြရန်လိုကြောင်း ၊ အလုပ်လုပ်သည့်အခါ စိတ်ကောင်း ၊ စေတနာကောင်းများ ထားရှိကာ လုပ်ဆောင်ကြရန်လိုကြောင်း ၊ နိုင်ငံ့ဝန်ထမ်းဘဝဖြစ်ခြင်းဖြင့် မိမိတို့ဘဝ ဂုဏ်ယူဝံ့ကြွားစွာ လုပ်ကိုင်ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းပီသစွာ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ ရုံးအဆောက်အဦးနှင့် ပရိဘောဂပစ္စည်းများကို မိမိတိုကိုယ်ပိုင်ပစ္စည်းကဲ့သို့ ရိုသေစွာ ကိုင်တွယ်အသုံးပြုရန်လိုကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းကိုလည်း ဂရုတစိုက် ဆောင်ရွက်ကြရန်လိုကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည် ။
ရဲတင့်(တံတားဦး)