သတင်းများ

ကျောင်းဖွင့်ချိန် ခြင်ကြောင့်ဖြစ်သောရောဂါများမဖြစ်ပွားစေရန် စာသင်ကျောင်များရှိ ရေကန်များ၌ အဘိတ်ဆေးခတ်
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းများတွင် ကျောင်းဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော ရောဂါအန္တရာယ်များမှ ကင်းဝေးစေရန် ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေသောင်ယံမြို့ အတွင်းရှိစာသင်ကျောင်းများ၌ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်မို့မို့ဝင်းဦးဆောင်၍ အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ကျုံပျော်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်လက်ခံဆောင်ရွက်
May 25,2026
နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ” ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ကျောင်းအပ်နှံရေး လုပ်ငန်းများကို မေလ ၂၅ ရက် နံနက်က မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ အသီးသီးတွင် တစ်ပြိုင်နက်လက်ခံဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်စတင်လက်ခံလျက်ရှိ
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများမှ ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြိုတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်ခံ
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉) နာရီအချိန်မှ စတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိသည်။
ငပုတောမြို့နယ်တွင် ကျောင်းသူကျောင်းသားများ ပျော်ရွင်စွာဖြင့် ကျောင်းအပ်နှံလျက်ရှိ
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများမှ ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ လာရောက်ကျောင်းအပ်နှံနေကြကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် နိုင်ငံတော်မှချမှတ်ထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိသည်။
ကာမိုင်းမြို့၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 25,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အထက(ကာမိုင်း)ကျောင်း မြစိမ်းရောင်ခန်းမ၌ မေလ(၂၅)ရက် နံနက်(၉) နာရီတွင် ကျင်းပသည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
May 25,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီအချိန် လူစည်ကားရာနေရာများဖြစ်သည့် မြိုမဈေးရှေ့တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။