ရွှေသောင်ယံ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉) နာရီအချိန်မှ စတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိသည်။
ထိုသို့ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအစီအစဉ်ဖြင့် ကျောင်းအပ်နှံနေမှုများအပေါ် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ အ.ထ.က (ရွှေသောင်ယံ) သို့ သွားရောက်၍ ကျောင်းအပ်နှံမှုများကိုကြည့်ရှုပြီး ကျောင်း၏လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် ဆရာ၊ဆရာမ များနှင့်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါကျောင်းအပ်နှံမှုများကို ယနေ့နံနက် (၉) နာရီမှစတင်၍ ရွှေသောင်ယံမြို့နှင့်ကျေးရွားအုပ်စုများရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၌ တပြိုင်နက်ထဲ ကျောင်းအပ်လက်ခံလျှက်ရှိပြီး ယနေ့ မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမောင်
ရွှေသောင်ယံ (ပြန်/ဆက်)