ငပုတောမြို့နယ်တွင် ကျောင်းသူကျောင်းသားများ ပျော်ရွင်စွာဖြင့် ကျောင်းအပ်နှံလျက်ရှိ

ငပုတော မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများမှ ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ လာရောက်ကျောင်းအပ်နှံနေကြကြောင်း သိရသည်။

ကျောင်းအပ်နှံရေးလုပ်ငန်းစဥ်များကို ၂၀၂၆ ခုနှစ်မေလ (၂၅) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသူ/သားများလက်ဝယ်သို့အရောက် ပေးခဲ့ကြောင်း သိရသည်။

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ရေး ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်း တိုက်တွန်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)