ကာမိုင်း မေ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အထက(ကာမိုင်း)ကျောင်း မြစိမ်းရောင်ခန်းမ၌ မေလ(၂၅)ရက် နံနက်(၉) နာရီတွင် ကျင်းပသည်။
အခမ်းအနားကို အ.ထ.က(ကာမိုင်း)ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ဖားကန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းမောင်က လမ်းညွှန်အမှာစကားပြောကြားခြင်းနှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နွယ်နွယ်အေးက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ပညာရေးဌာနမှထောက်ပံ့ပေးအပ်သော ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူး၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းမောင်၊ ရှေ့တန်းအမှတ်(၁၀၅) ခြေမြန်တပ်ရင်းဒုတပ်ရင်းမှူး ဗိုလ်မှူးထွန်းလင်းနှင့် စခန်းမှူးဦးယဉ်မင်းမြတ်များက ကျောင်းသား၊ ကျောင်းသူများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)