ရွှေသောင်ယံ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းများတွင် ကျောင်းဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော ရောဂါအန္တရာယ်များမှ ကင်းဝေးစေရန် ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေသောင်ယံမြို့ အတွင်းရှိစာသင်ကျောင်းများ၌ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်မို့မို့ဝင်းဦးဆောင်၍ အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
သို့ရာတွင် အ.ထ.က (ရွှေသောင်ယံ)ရှိ ကျောင်းသုံးရေကန်များနှင့် ရပ်ကွက်များအတွင်းမှမူလတန်းကျောင်းများရှိ ရေကန်များ၌ လိုက်လံခတ်နှံပေးခဲ့ကြသည်။ အဆိုပါအဘိတ်ဆေးခတ်ရာသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းကော်မတီများမှ အားဖြည့်ပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်