ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ငါးသိုင်းချောင်း မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် နိုင်ငံတော်မှချမှတ်ထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကျောင်းအပ်လက်ခံရာတွင်  ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ(အခမဲ့) ထုတ်ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအပြင် ကျောင်းဝတ်စုံတစ်စုံကို (အခမဲ့)ထုတ်ပေးလျက်ရှိပြီးငွေကြေးတစ်စုံတစ်ရာ ကောက်ခံမှုမရှိဘဲ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးထားသည့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)