ကျုံပျော် မေ ၂၅
နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ” ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ကျောင်းအပ်နှံရေး လုပ်ငန်းများကို မေလ ၂၅ ရက် နံနက်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အသီးသီးတွင် တစ်ပြိုင်နက်လက်ခံဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကျောင်းအပ်နှံရေး ဆောင်ရွက်ရာသို့ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ အတူတကွ လာရောက်အပ်နှံလျှက်ရှိပြီး၊ သက်ဆိုင်ရာအတန်းအလိုက် သင်ရိုးညွှန်းတမ်းစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံစသည့် သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းဝတ်စုံ အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။
ကျုံပျော်မြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သော မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အခြေခံပညာကျောင်း (၂၅၂) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃) ကျောင်း၊ စုစုပေါင်း (၂၅၇) ကျောင်းတို့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)