ရေကြည် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီအချိန် လူစည်ကားရာနေရာများဖြစ်သည့် မြိုမဈေးရှေ့တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသွေးလွန်တုတ်ကွေးရောဂါသည် ခြင်ကျားအကိုက်ခံရခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ခြင်ကျားသည် နေ့အခါတွင် ကိုက်လေ့ရှိပြီး မိုးရာသီတွင် ပေါက်ပွားလေ့ရှိကြောင်း၊ မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များပြီး အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်ကြောင်း၊နေအိမ်၌ ထားရှိထားတဲ့ ဘုရားအိုး၊ နတ်အိုး၊ ပန်းအိုးများနေ့စဉ် ရေလဲလှယ်ပေးရန်၊ ရေသိုလှောင်ကန်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး စနစ်တကျဖုံးအုပ်ထားရှိဖို့ လုပ်ဆောင်ကြရမှာဖြစ်ပါသည်။ ရေကန်အတွင်း အဘိတ်ဆေးများခပ်ထားရန်၊ သွေးလွန်တုပ်ကွေးရောဂါက ကလေးများတွင် အဖြစ်များသလို ကိုယ်ဝန်ဆောင်သည်နှင့် မွေးကင်းစကလေးသူငယ်များမှာ ပြင်းထန်တဲ့သွေးလွန်တုပ် ကွေးရောဂါဖြစ်နိုင်ချေ ပိုများပါသည်။ ထို့ကြောင့် နှစ်ရက်မှ ခုနှစ်ရက်အထိဖျားတတ်ပါတယ်၊ အတွေ့များသော ရောဂါလက္ခဏာတွေကတော့ “မအီမသာ ဖြစ်နေခြင်း၊ အော့အန်ခြင်း၊ အနီစက်များ ထွက်ခြင်း၊ မျက်လုံး၊ ကြွက်သား၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း ဒါ့ပြင် ဝမ်းဗိုက်နာ ခြင်း၊ ၂၄ နာရီအတွင်း သုံးကြိမ်အော့အန်ခြင်း၊ ဝမ်းသွားလျှင် သွေးပါခြင်း၊ နှာခေါင်း၊ သွားဖုံးမှ သွေးထွက်ခြင်း၊ သွေးအန်ခြင်း၊ မောပန်းပြီးအားအင်ချိနဲ့ခြင်း စတဲ့လက္ခဏာတွေ ဖြစ်လာလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ပြသ၍ ကုသကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်လက်များ၊ ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်ချက်များကို ယုံကြည်လိုက်နာရန်နှင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများကိုချက်ခြင်း သွားရောက်ကုသမှု ခံယူရန်အသိပေးနှိုးဆော်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
မြို့နယ် (ပြန်/ဆက်)