တောင်ကြီး ဇွန် ၂၁
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုး သားဖောက် ခြင်းသင်တန်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲက ညောင်ရွှေမြို့ ငါးလုပ်ငန်းစခန်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငါးသယံ ဇာတများ စဉ်ဆက်မပြတ် ရေရည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေးတို့အတွက် အခြေခံကျ သည့် ငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုး သားဖောက်ခြင်း သင်တန်းနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံ ဇာတများ ရေရှည်တည်တံ့ပွားများစေရေးနှင့် ငါးစားသုံးမှု ဖူလုံစေရေးအတွက် သဘာဝ ရေပြင်များအတွင်း သို့ နှစ်စဉ် ငါမျိုးများ စိုက်ထည့်ပေးလျက်ရှိပြီး တရားမဝင် ငါးဖမ်းနည်းစနစ်ဖြင့် ငါးဖမ်းဆီးခြင်း (အဆိပ်ချ ၊ ဘက်ထ္ထရီ လျော့တိုက်၊ ငါးမိုင်းခွဲ) ခြင်းများကို ရှမ်းပြည်နယ် ရေချိုးငါးလုပ်ငန်း ဥပဒေနှင့်အညီ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လျက်ရှိရာ ဒေသခံပြည်သူများမှလည်း အတူပူးပေါင်းပါဝင် ထိန်းသိမ်းခြင်းဖြင့် ဒေသတွင်း တဖြည်းဖြည်း လျော့ကျလာသည့် ငါးသယံဇာတ အရင်းအမြစ်များ ပြန်လည် ဖြစ်တည်လာမှာ ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် သင်တန်းမှ ပို့ချလိုက်သော စာတွေ့ လက်တွေ့ဘာသာရပ် များကို အာရုံစူးစိုက်၊ လေ့လာမှတ်သား နာယူပြီး မိမိဝန်းကျင် လက်တွေ့နယ်ပယ်သို့ ယူဆောင်သွားပြီး လက်ဆင့်ကမ်းအသုံးချရန် မှာကြားလိုပါကြောင်း၊ ဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာပါက အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ မြှင့်မားလာမှာ ဖြစ်ပါကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် ငါးလုပ်ငန်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး၊ ငါး ရိက္ခာ ဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြှင့်မားလာစေရန်နှင့် နိုင်ငံစီးပွား ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားသွားသည်။
အဆိုပါ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်းကို တောင်ကြီး ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား ဦးရေး (၁၉) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဇွန် (၂၁) ရက်မှ (၂၃) ရက်အထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးလွမ်းမိုးဇော်မှ အခြေခံ ငါးမွေးမြူရေးနှင့် ရေချို ငါးများ ဆေးထိုး သားဖောက်ခြင်းသင်တန်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ရေချိုငါးများ ဆေးထိုး သားဖောက် ခြင်းကို လှည့်လည်ကြည့်ရူကြ၍ ညောင်ရွှေမြို့ နဒီကန်အသွင်းသို့ ငါးဖိန်း၊ ငါးခုံးမ ၊ ငွေရောင်ငါးကြင်း ၊ ကောင်ရေ (၁)သိန်း (၅) သောင်း တို့ ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရသည်။
မောင်မောင်သန်း ( တောင်ကြီး)