ကျောက်တံခါး ဇွန်၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ အခြေခံ ပညာကျောင်းများအတွက် နှာခေါင်းစည်း(Mask)များကို ယမန်နေ့ နေ့လယ်က ပဲနွယ်ကုန်းမြို့တွင် အခမဲ့ဖြန့်ဝေခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆန်းလွင် ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ပဲနွယ်ကုန်းဒေသရှိ အခြေခံပညာကျောင်းများ အားလုံးသို့ သွားရောက်၍ နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။