မိုင်းခတ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းခတ် ဇွန် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းတွင် အထက ကျောင်းနှင့်မြို့မဈေးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ ကမ္ဘာ့ရန်သူဘိန်းဖြူ စသည့် အကြောင်းအရာများ၊ ဆောင်ပုဒ်များ၊ အထိမ်းအမှတ်ကဗျာများ၊ အဆိုအမိန့်စာစုများနှင့် ကာတွန်းများ ပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေး ထည့်သွင်းဖေါ်ပြထားကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်