ကျောက်တံခါးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ လှူဒါန်း

 

ကျောက်တံခါး  ဇွန်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များလှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက စျေးပိုင်းရပ်ကွက်()လမ်းအလှူရှင် ဦးမျိုးဝင်းလှိုင်နေအိမ်တွင် ပြုလုပ်ခဲ့ သည်။

စျေးပိုင်းရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၁၂၅) စုအတွက် ခေတ္တကိုရီးယားနိုင်ငံရောက် ကိုရန်မျိုးအောင်နှင့် သူငယ်ချင်းတစ်စုမှ လှူဒါန်းသည့်  တစ်အိမ်ထောင်လျှင် တန်ဖိုးငွေ(၈၃၅၀)ကျပ်ဖိုးရှိ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥ စုစုပေါင်း(၁၀၄၃၇၅၀)ကျပ်ဖိုးကို အလှူရှင်များကိုယ်စား ကိုမျိုးဝင်းလှိုင်မိသားစု မှ ပေးအပ်လှူဒါန်းပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လှူဒန်းခဲ့ကြောင်း သိရှိရ သည်။