သတင်းများ

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ ၃၉ ဦးထိ ရှိလာ
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ (၃၉)ဦး ထိ ရှိလာကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်၌ အစိမ်း‌ရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth)သင်တန်းဖွင့်လှစ်
Jun 23,2021
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ခရိုင်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲနွမ်ပါးမှုလျော့ချရေးနှင့် ရေရှည်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရေးကိုရည်ရွယ်၍ အစိမ်း‌ရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth) သင်တန်းကို ယနေ့နံနက် (၉) နာရီ က ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သံတွဲမြို့ရွှေဆံတော်စေတီတော်၌ မြေပြိုကျမှုအားပြန်လည်ပြုပြင်တည်ဆောက်ရေး ညှိနိုင်းဆွေးနွေး
Jun 23,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဇွန်ပထမပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁၆ရက် ညမှစ၍ သမိုင်းဝင် ရွှေဆံတော် စေတီရင်ပြင်ရှိ တောင်ကမ်းပါးရံများမြေပြိုကျမှုဖြစ်ပွါး ခဲ့သဖြင့် ရွှေဆံတော် စေတီ မှာထိခိုက်မှုမရှိပဲ စေတီအနီးရှိ ဆောက်လုပ်လျက်ရှိသည့် သာသနိကအဆောက်အဦ အောက်ခြေနံရံများ ပြိုကျမှုကြောင့် အဆောက်အဦကွဲအက်ပြိုကျမှုများပြန်လည်ပြုပြင်ရေး ကော်မတီညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၃ရက်နံနက်၉.၃၀နာရီက အဆိုပါရင်ပြင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ကိုဗစ် -၁၉ ရာဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နောင်ချိုမြို့မဈေးနှင့် ကျေးလက်ဈေးများ ယာယီပိတ်ထား
Jun 23,2021
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါသည် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဖြစ်ပေါ်ပျံ့ပွားလျက်ရှိရာ နောင်ချိုမြို့မဈေးနှင့် ကျေးလက်ဈေးများကို ဇွန်လ ၂၃ ရက်မှ စတင်၍ ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 23,2021
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အော်ဂဲနစ် ဘူးသီးစမ်းသပ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် ၁၁ နယ်မြေ  တဲကြီးကုန်းရပ်ကွက်၌ သြဂဲနစ်ဘူးပင်များ စမ်းသပ်စိုက်ပျိုးကာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။
နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် နမ့်စန်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ သို့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
နမ့်စန်တွင် ကျောင်းသားကျောင်းသူများအတွက် နယ်လှည့်လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်
Jun 23,2021
ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၁၀နာရီက အမှတ်(၂) ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။