သတင်းများ

ညောင်လေးပင်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် မြို့နယ်အမျိုးသမီး ကော်မတီအစည်းအဝေးကျင်းပ
Jun 23,2021
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။
မြောက်ဦးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ၂၀၂၁ ခုနှစ် ၊ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်း များနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဆားလင်းကြီးမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပညာသင်ကြားနေမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်သည် ဆားလင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆားလင်းကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်း နှင့်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်စံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီ အချိန်က မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ချို​ထွေး က စာသင်ကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိုင်းစံမြို့နေ ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့သည်။
ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးကြော်ငြာဗီနိုင်းများ ကပ်ထားဆောင်ရွက်
Jun 23,2021
​​​​​​​ချင်းပြည်နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ဝေသည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ သိရှိလိုက်နာဆောင်ရွက်ရမည့် အသိပညာပေး ဗီနိုင်းများကို  ရိခေါ်ဒါရ်မြို့ပေါ် လူစည်ကားသည့်နေရာများ၌ လိုက်လံကပ်ထား ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ဆောင်ရွက်
Jun 23,2021
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မိုင်းရယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ စုပေါင်းဆောင်ရွက်
Jun 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေး (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများနှင့် အဘိတ် ဆေးခတ်ခြင်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က အမှတ်(၁)ရပ်ကွက်အတွင်းရှိ စျေးဆိုင်များ၊ လူနေအိမ်များသွားရောက် လှည့်လည်ဆောင်ရွက်ခဲ့သည်။
မြောင်းမြမြို့နယ်တွင် နှာခေါင်းစည်း(Mask)များတပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်ပေါ်စေရန်Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 23,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်းနှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်ကမ်းများအားလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask  Campaign ကိုယနေ့ နံနက်(၇)နာရီခွဲအချိန်က လူစည်ကားရာ  ကမ်းနားလမ်း၊ ဦးဘချိုလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။