မိုင်းရယ် ဇွန် ၂၃
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့မှ ကျောင်းသား/ကျောင်းသူ (၄၉)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲကို ဇွန်လ (၂၅) ရက်နေ့တွင် မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ထိုက်