ကော့ကရိတ်ခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 23,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများအပေါ် သက်ဆိုင်ရာဌာနအသီးသီးက လက်ရှိဆောင်ရွက်နေမှုများ၊ လတ်တလော ဖြေရှင်းပေးရန် လိုအပ်သည့် အကြောင်းအရာများနှင့် ရှေ့ဆက် ဆောင်ရွက် ရမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးနိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။