ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအား နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိ
Mar 10,2020
ကျောင်းသားလူငယ်များ အားလပ်ရက်ရှည်ဖြစ်သော နွေရာသီအချိန်အခါတွင် အချိန်ကို အလဟဿ မဖြစ်စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ အားကစားစိတ်ဓါတ် ပိုမိုမြင့်မားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တမျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစားနည်းများကို အလေးပေးသင်ယူလေ့ကျင့်နိုင်စေရန်နှင့် နွေရာသီအားကစားသင်တန်းမှတစ်ဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ဖော်ထုတ်လေ့ကျင့်ပေးခြင်းဖြင့် အရည်အသွေးမြှင့် အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီ အားကစားသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။