ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Mar 02,2020
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကာ “ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ယနေ့ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။