ဖားကန့် လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကျောက်စိမ်းရိုင်းများ ဖမ်းဆီးရမိ
Aug 27,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကာမိုင်းမြို့သို့အထွက် လုံးခင်းကျေးရွာ၊ လယ်ပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ (၆)ဘီးကားဖြင့် ပေပါပုံးများအတွင်းဝှက်၍ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်း အရွယ်အစားဆိုဒ်စုံ (၉၈)အိတ်၊ (၃၄၇၀)ကီလိုခန့် အား ယမန်နေ့နံနက် (၆)နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။