ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၂) ဦး ထပ်မံတွေ့ရှိ

ဗန်းမောက် ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၁၂)ဦး ထပ်မံ တွေ့ရှိခဲ့သည်ဟု ယနေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဇူလိုင်လ (၄) ရက်နေ့ထိ (၂၁၃) ဦးရှိပြီး ဇူလိုင်လ (၅) ရက်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ (၄၈) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကျား (၉)ဦး၊ မ (၃) ဦး၊ ရောဂါကူးစက်ခံရသူ ထပ်တိုး (၁၂) ဦး၊ စုစုပေါင်း (၂၂၅) ဦး ရှိသည်ဟု သိရှိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အား/ကာခန်းမ (Quarantine Center)၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန (သင်တန်းကျောင်း)၊ ပြည်သူ့ ဆေးရုံတိုးချဲ့ နှစ်ထပ်ဆောင်နှင့် အောင်သာကုန်းရပ်ကွက်၊ ရိပ်သာဓမ္မာရုံတို့တွင် ဆေးကုသခံယူဆဲဖြစ်သည်ဟု မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျော်စွာ(ဗန်းမောက်)