ကွန်ဟိန်း ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေးခြင်းအား ယနေ့ နံနက်(၈:၀၀)နာရီ အချိန်ခန့်က စတင်၍ ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ နေအိမ်ပြင်ပသို့ထွက်ခွါပါက Mask တပ်ဆင်ကြရန် အသိပညာပေးခြင်း၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း များအား ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ စစ်ဆေးခြင်းအား မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)