နေရပ်ပြန်မြန်မာသင်္ဘောသားများအား ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Aug 09,2020
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် MV.DONGBANG GIANT NO,5 သင်္ဘောပေါ်မှ သင်္ဘောသား(၉)ဦး M.T AZOV SEA သင်္ဘောပေါ်မှ သင်္ဘောသား(၁၃)ဦး နှင့် MT-ENSEMBLE ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား(၁၆)ဦး စုစုပေါင်းသင်္ဘောသား (၃၈)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက် ရှိကြောင်း သိရသည်။