ဗန်းမော်မြို့ရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါပိုးသတ်ဆေးဖျန်းနည်းနှင့် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများအသုံးပြုနည်း သရုပ်ပြဆောင်ရွက်

ဗန်းမော်     ဇူလိုင်     ၅

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါပိုးသတ် ဆေးဖျန်းနည်းနှင့်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများအသုံးပြုနည်းသရုပ်ပြခြင်းကို ဇူလိုင် ၅ ရက် မွန်းလွှဲ ၂ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ကျင်းပခဲ့သည်။

သရုပ်ပြဆောင်ရွက်ရာတွင် ဗန်းမော်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစည်သူအောင်က ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် (Sodium hypoclorite) ပိုးသတ်ဆေးဖျော်နည်းနှင့်ပိုးသတ်ဆေးဖျန်းနည်း၊ PPE ဝတ်စုံနှင့် ကာကွယ် ရေးပစ္စည်းများ အသုံးပြုနည်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကာ ဗန်းမော်မြို့ရှိ အခြေခံပညာကျောင်း (၁၃)ကျောင်းမှ ကိုယ်စားလှယ်ဖြစ်သည့် ဆရာ၊ဆရာမတို့က တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)