နမ့်စန်မြို့တွင် အနံ့ပျောက်သူ ၁ ဦးကို Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

နမ့်စန်(တ)  ဇူလိုင်  ၅

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဝမ်ပိန်းကျေးရွာအုပ်စု၊ ကုန်းညို့ကျေးရွာတွင် နေထိုင်သူ အသက်(၃၇)နှစ်အရွယ် အမျိုးသား ၁ ဦးသည် အနံ့မရရှိသဖြင့် ယနေ့နေ့လည် ၁၂ နာရီက တပ်မတော် (၈/၁၀၀)စစ်ဆေးရုံသို့လာရောက်ပြသခဲ့ပြီး စစ်ဆေးရုံမှတာဝန်ရှိသူများက RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ က အဆိုပါ ပိုးတွေ့ခဲ့သည့် အမျိုးသားအား တပ်မတော် (၈/၁၀၀)စစ်ဆေးရုံမှ မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ သံဃာဆေးကုသဆောင်သို့ ရွှေ့ပြောင်းခဲ့ပြီး သီးသန့်ထားရှိကုသလျှက်ရှိကာ ၎င်းအမျိုးသားနှင့် အတူနေ မိသားစုဝင်များ၊ ထိတွေ့မှုရှိခဲ့သူများကို ပြည်သူ့ဆေးရုံအနောက်ဘက်ရှိ Facility Quarantine (၄ထပ်ဆောင်) အဆောက်အဦတွင် ထားရှိ၍ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)