ပိုင်ကျုံ ဇူလိုင် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ရည်ရွယ်၍ မြို့ပေါ်(၅)ရပ်ကွက်ရှိ အိမ်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က မြို့ပေါ် (၅)ရပ်ကွက် အတွင်းရှိရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အိမ်ဆိုင်များရှိ ဆိုင်ရှင်များအနေဖြင့် ဆိုင်အဝင်ဝတွင် လက်ဆေးရန်နေရာများ ဆောင်ရွက်ထားရန်၊ ရောင်းသူနှင့်ဝယ်သူများပါ mask တပ်ဆင်ရန်၊ ကိုဗစ် ၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာပေးပိုစတာများ၊ ဗီနိုင်းများကို လူအများမြင်သာသည့် နေရာများတွင် ကပ်ထားပေးရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ပြင်ဆင်ဆောင်ရွက်သွားရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)