သတင်းများ

မိုးညိုမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀၂)ဦးထိရှိလာ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက် လျက်ရှိရာ ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၀၂) ဦးထိရှိပြီဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄)ဦး ထပ်မံတွေ့ရှိ
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ယမန်နေ့ ညနေ ထုတ်ပြန်ချက်အရ သိရသည်။
မိုင်းဆတ်မြို့မဈေး၌ Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Jul 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် (၇)နာရီက မြို့မဈေးရှေ့နှင့် ဈေးအတွင်း၌ဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု ထိရောက်စေရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်
Jul 06,2021
ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့်  စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ် ဖြင့် ရောင်းချရန် မြို့နယ်စည်ပင်သာယာအဖွဲ့မှ အမိန့်ညွှန်ကြားချက်တစ်ရပ် ယမန်နေ့က ထုတ်ပြန်အသိပေး နိုးဆော်ထားကြောင်း သိရသည်။ 
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သား၊ ငါးနှင့် ကုန်စိမ်း သည်များအား ယာယီ ဈေးသို့ ပြောင်းရွှေ့ရောင်းချ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေရှိလာသဖြင့် ရောဂါကူးစက်မှု မပြန့်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သား၊ ငါးနှင့် ကုန်စိမ်းသည်များအား ယနေ့ နံနက်ပိုင်းမှစတင်၍ ယာယီဈေး သို့ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၈၇ ဦးထပ်မံတွေ့ရှိပြီး ရောဂါပိုး တွေ့ရှိသူပေါင်း (၂၀၄)ဦးရှိ
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်၊ ကျေးရွာလူငယ် အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT(Test Kit) ဖြင့် စစ်ဆေး ခြင်းတို့ကို ယမန်နေ့၌ ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၈၇)ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ကဝမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းရေးအတွက်  အထူးအစည်းအဝေးတစ်ရပ် ကျင်းပ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းရေးအတွက် အထူးအစည်းအဝေးတစ်ရပ်ကို  ယမန်နေ့ နံနက် (၁၀:၀၀)နာရီ တွင်   ကျင်းပသည်။
ဟားခါးမြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာအသစ် ၃၅ ဦး ထပ်မံတွေ့ရှိ၊ ယနေ့အထိ ပိုးတွေ့လူနာ ၁၃၉ ဦးရှိလာ
Jul 06,2021
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၅ ရက်နေ့က ဒေသခံပြည်သူ (၂၂၅)ဦး Test Kid ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ (၃၅) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံ‌တွေ့ရှိသဖြင့် ဟားခါးမြို့တွင် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အထိ ပိုးတွေ့ လူနာ(၁၃၉)ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။