ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်‌ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်

မိုးညို ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌‌ ရေးမှူးများ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီ အချိန်က Mask တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မ‌နေ သွားလာနေကြသည့် စျေးရောင်းစျေးဝယ်များ၊ လမ်းသွား၊ လမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ် စီးနင်းလိုက်ပါသူများ၊ ယာဉ်မောင်းများနှင့် ခရီးသည် များအားလုံး နှာခေါင်းစည်း Mask တပ်ဆင်သွားလာ ရေးအတွက် လူအသွားအလာများသည့် ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာဈေးအတွင်းနှင့် သခင်လှရှိန် ရပ်ကွက်ဈေး တို့တွင် ဈေးရောင်း/‌ ‌ ဈေးဝယ်သူများ နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာ‌ပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများ၊ မေးစေ့တွင် ချိတ်ထားသူများအား ငွေ(၅၀၀)ကျပ်ဖြင့် နှာခေါင်းစည်း(၅) ခုဝယ်ယူတပ်ဆင်‌‌စေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာ ကြရန် အသိပညာပေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့​ကြကြောင်း သိရသည်။

ကိုမင်း