သတင်းများ

တီးတိန်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် ၂၅.၀၆ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်းတိုး
Aug 10,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဩဂုတ် ၉ ရက်က တစ်နိုင်ငံလုံး၌ ထုတ်ပြန် ကြေညာခဲ့ရာ တီးတိန်​မြို့နယ်၌ အောင်ချက်ရာခိုင်နှုန်း ၂၅.၀၆ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်အတွင်း စက်မှုဇုံများ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်း ယမန်နေ့ နံနက်(၉)နာရီက စက်မှုဇုံများ ဓါတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေ ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။
ဟင်္သာတမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၉၇ ဖြင့် ၂၀၆၄ ဦး အောင်မြင်
Aug 10,2020
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဆိုက်(ဘ်)များမှတစ်ဆင့် ယမန်နေ့ နံနက်(၁)နာရီအချိန်တွင် ထုတ်ပြန်ကြေညာချက်တွင် ဟင်္သာတမြို့နယ်မှ တက္ကသိုလ်ဝင်စာ မေးပွဲအောင်ချက်ရာ ခိုင်နှုန်း ၃၂ ဒသမ ၉၇ ရှိကြောင်းသိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၆၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေး အတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၈ ရက်နေ့၊ ညနေ(၆)နာရီအချိန် က(၁၈)ဦးနှင့် ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က(၄၉)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၆၇)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Aug 10,2020
ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေးကဏ္ဍ ထိခိုက်မှု များကို ပြန်လည် ကုစား ရန် ရည်ရွယ်လျှက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတွင် အကောင်အထည် ဖေါ်ဆောင်ရွက်ပေးလျှက်ရှိရာ ညောင်းရင်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ဩဂုတ် လ (၁၀)ရက်နေ့ထိ (၃၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
ဒေါ့ဖုန်းယန်မြို့အတွင်း နိုင်ငံတော်အစိုးရမှ တတိယအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူလက်ဝယ် အရောက်ပေးအပ်
Aug 10,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ပြည်မြို့နယ် နဖားအင်းကျေးရွာတွင် ကျေးလက်မီးလင်းရေးစီမံကိန်းအစီအစဉ်ဖြင့် လျှပ်စစ်မီးစတင် ရရှိပြီဖြစ်
Aug 10,2020
ပြည်မြို့နယ် နဖားအင်းကျေးရွာတွင် နိုင်ငံတော်အစိုးရမှ ဖော်ဆောင်လျက်ရှိသော အမျိုးသားလျှပ်စစ် စီမံကိန်း(NEP) (ကျေးလက်မီးလင်းရေးစီမံကိန်း) အစီစဉ်ဖြင့် ယမန်နေ့က စတင်၍ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီ၌ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်မိသားစုဝင် (၄၄) ဦးအား ဆန်ဖိုးငွေထောက်ပံ့
Aug 10,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်း၊ ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက်အုပ်ချုပ်များသည် ယမန်နေ့ ညနေပိုင်းက ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှစ်နေရာသို့ ယာယီရွှေ့ပြောင်းရောက်ရှိနေသော ရေဘေးသင့်အိမ်ထောင်စုများမှ မိသားစုဝင်များအား ဆန်ဖိုးထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။