ရွှေတောင်မြို့၌ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်

ရွှေတောင် ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ရွှေတောင်မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ယနေ့ နံနက် ပိုင်းက  လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။

ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့်  ဌာနဆိုင်ရာများက ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးမှာကြားခဲ့ပြီး ဆိုင်ထိုင်ရောင်းချမှုများတွေ့ရှိ၍ တိုင်ကြားပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အသိပေးမှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း