သတင်းများ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲ အောင်မြင်သူ (၃၅.၀၂) ရာခိုင်နှုန်းရှိ
Aug 10,2020
၂၀၂၀ ပြည့်နှစ်၊မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ပညာရေး ဝန်ကြီးဌာန Website များမှတဆင့် ဩဂုတ်လ ၉ရက် နံနက် (၀၀း၃၀) အချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ ပခုက္ကူမြို့နယ်တွင် တက္ကသိုလ် ဝင်စာ‌မေးပွဲအောင်မြင်သူ (၃၅.၀၂) ရာခိုင်နှုန်းရှိပြီး ယခင်နှစ်များထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်တက် လာကြောင်း သိရသည်။
ခန္တီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်း ၁၆ ဒသမ ၉၉ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် ၁ ဒသမ ၉၈ ရာခိုင်နှုန်း လျော့နည်း
Aug 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ခန္တီးစာစစ်ဌာနနှင့် ကောင်းဟိန်စာစစ်ဌာနတို့မှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ( ၈၇၁) ဦးရှိသည့်အနက် (၁၄၈) ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၁၆ ဒသမ ၉၉ ဖြစ်ကာ ယခင်နှစ်ထက် ၁ ဒသမ ၉၈ ရာခိုင်နှုန်း လျော့နည်း ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများအား ချေးငွေများထုတ်ချေးပေး
Aug 09,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် Covid-19 Economic Relife plan (CERP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၂) ရွာအား ယနေ့နံနက် (၉) နာရီက စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပင်လည်ဘူးမြို့၌ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်း‌ခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ပညာပေးဟောပြော
Aug 09,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းမြင့်အောင်နှင့် ဝန်ထမ်းအဖွဲ့သည် တစ်ပိုင်တစ်နိုင် ဝက်များ‌ မွေးမြူထားသည့် ဝက်မွေးမြူရေးခြံများသို့ ကွင်းဆင်းပြီး ကာကွယ်‌ဆေးထိုးကုသခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပညာပေးဟောပြော‌ ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့က ပြစ်ဆိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်မ​ရောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ​​အောင်မြင်သူ ၃၅၇ ဦးရှိပြီး​အောင်ချက်ရာခိုင်နှုန်း(၂၅. ၅၄) ရာခိုင်နှုန်းရှိ
Aug 09,2020
၂၀၂၀ပြည့်နှစ် ၊မတ်လတွင်ကျင်းပခဲ့​သောတက္ကသိုလ်ဝင်စာ​မေးပွဲ ​အောင်စာရင်းများကိုမြန်မာ တစ်နိုင်ငံလုံးတွင် ပညာ​ရေးဝန်ကြီးဌာန၊ Website များမှ တစ်ဆင့်ယ​​နေ့နံနက် (၀၀:၃၀)အချိန်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာကျိုက်မ​ရောမြို့နယ်တွင် ​အောင်မြင်သူ (၃၅၇)ဦးရှိပြီး​အောင်ချက် ရာခိုင်နှုန်းမှာ ( ၂၅.၅၄)ရာခိုင်နှုန်း​အောင်မြင်ခဲ့​ကြောင်းသိရသည်။
ကျုံ​ပျော်တွင် ​ကျောင်းသား ​ကျောင်းသူ​ပေါင်း (၁၃၉၇) ဦး တက္ကသိုလ်ဝင်စာ​မေးပွဲ​အောင်မြင်
Aug 09,2020
၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာ​မေးပွဲများကို ယနေ့နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်​ကြေငြာခဲ့ရာ ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်တွင် ကျောင်းသား၊ ​ကျောင်းသူ​ စုစုပေါင်း (၁၃၉၇) ဦး တက္ကသိုလ်ဝင် စာ​မေးပွဲ​အောင်မြင်ခဲ့​ကြောင်း သိရသည်။