တပ်ကုန်း ဇူလိုင် ၆
နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ငွေနှင်းမှိုစိုက်ပျိုးပြုစုနည်းနှင့် မှိုမျိုးထုပ်ပြုလုပ်နည်းသင်တန်းဆင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုသင်တန်းဆင်းရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက သင်တန်းသားများအနေဖြင့် သင်တန်းမှ စာတွေ့/လက် တွေ့သင်ကြားပို့ချပေးလိုက်သည့် ငွေနှင်းမှိုစိုက်ပျိုးပြုစုနည်းနှင့် မှိုမျိုးထုပ်ပြုလုပ်နည်းပညာ တွေကို မိမိအိမ်တွင် လက်တွေ့ပြန်လည်အသုံးချဆောင်ရွက်ကြရန်နှင့် သင်တန်းတွင် တတ်ကျွမ်းခဲ့သော ပညာရပ်များကို မိမိပတ်ဝန်းကျင်ကိုလည်း လက်ဆင့်ကမ်းဖြန့်ဝေပေးရန် ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက သင်တန်းသား(၂ဝ)ဦးအား သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ငွေနှင်းမှိုစိုက်ပျိုးပြုစုနည်း နှင့် မှိုမျိုးထုပ်ပြုလုပ်နည်းသင်တန်းကို ကျေးရွာများမှ စိတ်ဝင်စား၍ ဆန္ဒပြုထားသည့် သင်တန်း သား(၂ဝ)ဦး တက်ရောက် သင်ကြားကြပြီး သင်တန်းကို ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
တင်စိုးလွင်