မဟာအောင်မြေ မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဟေမမာလာမြောက်ရပ်ကွက်၌ ကွင်းဆင်းဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ခြင်လောက်လန်းသေဆေး (abate) ဆေးခပ်ခြင်းများကို မဟာအောင်မြေမြို့နယ်တွင် စုဖွဲ့၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း