ငါန်းဇွန် မေ ၂၅
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္က ဦးမျိုးမင်းသိန်း (မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က)က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေမှူးတို့က မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများအား အတန်းအလိုက် ကျောင်းသား/သူများအား ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား/သူများအတွက် အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာ စာအုပ်၊ ဘောလ်ပင်၊ ခဲတံများနှင့် ကျောင်းဝတ်စုံ စသည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူများ တက်ရောက်ကြသည်။
သက်နောင်ဦး(ငါန်းဇွန်)