မန္တလေး မေ ၂၅
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးလှုပ်ရှားမှု Campaign ကို မေလ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း ၈၆လမ်းရှိ ညောင်ပင်ဈေးတွင် ဆောင်ရွက်ကြသည်။
အဆိုပါ Campaignသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး၊ အောင်မြေသာစံ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနမှ တာဝန်ရှိသူများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အကွက်တာဝန်ခံများ တက်ရောက်ကြသည်။
အဆိုပါ Campaign လှုပ်ရှားဆောင်ရွက်မှုတွင် စျေးရောင်းချသူများနှင့် စျေးဝယ်လာ ပြည်သူများအား ပလတ်စတစ်အစားထိုး အိတ် ၆၅၀ ဖြန့်ဝေခြင်းနှင့် ပလတ်စတစ် လျှော့ချသုံးစွဲရေး လက်ကမ်းစာစောင် ၃၀၀ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)