မုဒုံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

မုဒုံ ဇူလိုင် ၇

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉နာရီက စတင်၍ ပညာရေး ဝန်ထမ်းများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်အေးအေးလွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးရာ မုဒုံမြို့နယ်အတွင်းရှိ ပညာရေး ဝန်ထမ်းဆရာ/ဆရာမများအား ပထမအသုတ်တွင် ၅၂၅ဦးကိုထိုးနှံပေးခဲ့ပြီး ဒုတိယအသုတ်ပထမအကြိမ်ကို ဇွန်လပထမပတ်၌ ထိုးနှံ၍ ယခုအခါ ဆရာ/ဆရာမ ၃၀၄ ဦးတို့အား ဒုတိယအကြိမ်ကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း စုစုပေါင်း ၈၂၉ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အောင်မျိုးသူ