ဝန်းသိုမြို့တွင် VDP စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဝန်းသို ဇူလိုင် ၈

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထပ်တိုးဆောင်ရွက်မည့် ကျေးရွာ နှစ်ရွာအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်ဆွေက စိုက်ပျိုးရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကြောင်းနှင့် ကျေးရွာအဆင့် ခေါင်းဆောင်မှုပညာအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး (VDP)စီမံကိန်းထပ် တိုးဆောင်ရွက်မည့် လေဘိုကျေးရွာနှင့် မင်းကုန်းကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများထံ ရန်ပုံငွေကျပ်သိန်း ၁၀၀ စီ ကို တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ဝန်းသိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦ:စီးဌာနမှ ၂၀၂၁ ခုနှစ်အတွင်း (VDP) ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို  ကျေးရွာပေါင်း (၂၃) ရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေ:လုပ်ငန်း များကို ကျေးရွာပြည်သူများကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  ယခုစီမံကိန်းထပ်တိုး ကျေးရွာ နှစ်ရွာတွင်လည်း ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

ကျော်မြိုင်