မိုးမိတ် ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်COVID – 19 ရောဂါနှင့်ပတ်သက်၍ အရေးပေါ်ကာကွယ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်ကော်မတီဝင်များသည် COVID – 19 ရောဂါ ကူးစက်သူများကို ကုသပေးနေ သည့် မိုးမိတ်ကုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံနှင့် Facility Quarantine များ ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ယခုကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ရောဂါကူးစက်သူများကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်များ၌ ထားရှိကုသပေးလျက်ရှိပါကြောင်းနှင့် ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လူစုလူဝေးဖြစ်စေသောအကြောင်းအရာများကို လုပ်ဆောင်ခြင်းမပြုကြရန်နှင့် ရောဂါဖြစ်ပွားလျက်ရှိ သော နိုင်ငံခြားမှပြန်လာသူများ၊ အခြားမြို့နယ်များမှ ပြန်လာသူများ မိမိတို့နေအိမ် ပတ်ဝန်းကျင်တွင် ရှိပါက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းကြားရန် ၊ ကျန်းမာရေးဦးစီး ဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအားလိုက်နာ ဆောင်ရွက်သွားရန် အထူးလိုအပ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနေဝင်းလှိုင်ကပြောသည်။
ဆက်လက်ပြီး Facility Quarantine ပြင်ဆင်ထားသည့်နေရာများသို့ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များသည် ကွင်းဆင်းစစ်ဆေးခဲ့ပြီး နိုင်ငံခြားမှပြန်လာသူများနှင့် အခြားမြို့နယ်များမှ ပြန်လာသူများအား Quarantine ပြုလုပ်သွားမည်ဖြစ်သည့်အတွက် Facility Quarantine ပြင်ဆင် ထားသည့်နေရာများသို့ မိမိတို့အသိစိတ်ဓာတ်ဖြင့် မပျက်မကွက် သတင်းပို့နေထိုင်ရေးအား မြို့ပေါ်ရပ်ကွက်/ ကျေးရွာ အသီးသီးတွင် ညစဉ်ထပ်တလဲလဲအသိပေး ဆော်ဩလျက်ရှိခြင်း ၊COVID – 19 ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များကို မြို့တွင်းသို့လှည့်လည်၍ နှိုးဆော်ပေးလျက်ရှိကြောင်းသိရသည်။
မိုးမိတ်သား(စည်သူဌေး)