သတင်းများ

ပင်လောင်းမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 Economic Relief Plan (CERP) အရ COVID-19 ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းငေါ့မြို့ ပြည့်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့်ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မူ လုပ်ငန်းများဆောင်ရွက်
Aug 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်သူများ၊ စာဖတ်ပရိတ်သတ်လူငယ်များအတွက် စာအုပ်များမိတ်ဆက်ပေးခြင်း၊ ကလေးငယ်များ အတွက် Onlineမှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်သခြင်း လုပ်ငန်းများကို မိုင်းငေါ့ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်း၌ အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းအန္တရာယ်ကျဆင်းရေးတို့အတွက် ညစဉ်မော်တော်ယာဉ် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Aug 18,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းအန္တရာယ် ကျဆင်းရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ နေ့စဉ်ည ၉ နာရီမှ ည ၁၂ နာရီအချိန်အထိ မော်တော်ယာဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ညအချိန်က ကန်တော်ကြီး ပတ်လမ်း၌ ဆောင်ရွက်ခဲ့ကြသည်။
ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ
Aug 18,2020
ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက စာရေးဆရာကျော်ဝင်း ရေးသားထားသည့် “နှစ်ဆယ့်တစ်ရာစု သားရွှေဥ” စာအုပ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာတွင် အသက် (၅) နှစ်နှင့် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာတွင် အသက်ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်သက်နိုင်စိုး ဦးစီးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီခန့်တွင် မူးယစ် ဆေးဝါးသတင်းအရ
ပေါင်းတည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေးနှင့် ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိ
Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေးနှင့်
သာကေတမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးနိုင်ရေး အတွက် အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား ယနေ့ နံနက်(၁၀) နာရီ အချိန်၌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ၄/တောင် ရပ်ကွက်ရှိ သာသနာ့ဝေပုလ္လဓမ္မာရုံတွင် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။