သတင်းများ

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် PPE ဝတ်စုံ(၂၀၀)လာရောက်လှူဒါန်း
Jul 13,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများကို လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေး ဆောင်၊ ပြည်ထောင်စုအားကစားကွင်းမိုးလုံလေလုံခန်းမ၊ ပညာရေးကောလိပ်စောင့်ကြည့်ဆောင်နှင့် မိုးကုတ် ဝိပသနာစခန်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသည်။
မြို့သစ်မြို့နယ်တွင် မြို့မအလယ်တန်းကျောင်းခွဲ RCC (၂) ထပ် ဆောင်အပေါ်ထပ် စတင်ဆလပ် လောင်းခြင်းများစစ်ဆေး
Jul 13,2021
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့၌ စာသင်ကျောင်းသား ၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မအလယ်တန်း ကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀' × ၃၀' ) RCC (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ အပေါ်ထပ်တွင် စတင်ဆလပ် လောင်းခြင်းများကို မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဦးမိုးဇော်နှင့်မြို့နယ် စည်ပင်(SAE) ဦးဘိုဌေးနှင့်အ ဖွဲ့က ဆလပ်လောင်းနေမှုအား ယနေ့နံက်ပိုင်းက သွားရောက်ကြည့်ရှု့စစ်ဆေးလျက်ရှိသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၃ ဦးစစ်ဆေးတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် ပိုင်း မှ ညနေ ၆နာရီအထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
မောက်မယ်မြို့၌ Mask Campaign ဆောင်ရွက်
Jul 13,2021
COVID-19 ကူးစက်ရောဂါ တတိယကာလအတွင်း ရောဂါမကူးစက်စေရန်နှင့် Mask အသုံးပြုသည့် အလေ့အထများ ရရှိလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့၌ Mask Campaign ကို ယနေ့နံနက် ၆နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦးထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်းအတည်ပြုလူနာ (၂၄)ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇွန်လ(၂၈)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိလျက်ရှိပြီး ယနေ့နံနက်ပိုင်း က ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
မူဆယ်ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် က ခရိုင်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ချိုဦး မှ မူဆယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလတွင်ရောဂါပိုးတွေ့ရှိသူများနှင့် Contact Persons များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် (ICU Room) (Isolation Ward) Community Based Facility Quadrant နေရာများ တိုးချဲ့ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် အဖွင့်အမှာစကား ပြောကြားသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ(ပိုးတွေ့)လူနာ (၁၀)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှု အခြေအနေအရ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး)ဝင်ရောက်ပြန့်နှံ့မှုများ ရှိနေကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုချက်များအရ သိရကြောင်း သိရသည်။